Saturday, June 20, 2009

ဒီလိုမျိုး


သဘောထားတွေကြီးမြတ်လို့ 
တစ်ယောက်နဲ့ တစ်ယောက် ခွင့်လွှတ်နားလည်လို့ 
မေတ္တာတွေနဲ့ ကူညီဖေးမလို့
စောင့်ရှောက်လို့  နေကြတယ်။

မပင်ပန်းမဆင်းရဲအောင် ၀ိုင်းဝန်းစဉ်းစား
ကြိုးစားလုပ်ဆောင်ကြတယ်။

ဘယ်သူ့ အရေးမှ ပစ်မထားဘူး။
အားကြီးတဲ့သူ (အသိဥာဏ်ဖြစ်စေ၊ ခွန်အား ဖြစ်စေ၊ စွမ်းအား ဖြစ်စေ)
က အားနည်းတဲ့သူကို
စောင့်ရှောက်တယ်။
ဖေးမကူညီတယ်။
ကြိုတင်ပြင်ဆင်ပေးတယ်။
ကြိုတင် စဉ်းစားပေးတယ်။

ရှားပါးတာ မရှိဘူး။
အကုန်ကုသိုလ် ဘုန်းကံကြီးမားကြတယ်။
ဥာဏ်ပညာလဲ ကြီးမားကြတယ်။


1 comment: